Blogger Tips and TricksLatest Tips And TricksBlogger Tricks
Loading...

Wednesday, March 11, 2015

အစ္စရေး သူလျှိုအား IS စစ်သွေးကြွ ကလေးငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်





IS တက်ဖီရီ အကြမ်းဖက် အဖွဲ့မှ ထပ်မံထုတ်လွှင့်လိုက်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ စစ်သွေးကြွ ကလေးငယ် တစ်ဦးဟာ အစ္စရေး သူလျှို အေဂျင်စီ မော့ဆက်မှ သူလျှိုတစ်ဦး ဖြစ်တဲ့ အစ္စရေး နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ချိန်ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ၁၃ မိနစ်ကြာ ဗွီဒီယိုကို ယမနေ့က ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး အသတ်ခံရတဲ့ အစ္စရေး နိုင်ငံသားဟာ အသက် ၁၉ နှစ်အရွယ် မိုဟာမက် ဆက် အစ္စမေး မူဆာလမ် ဖြစ်ပါတယ်။

စစ်သွေးကြွ ကလေးငယ်ဟာ ဓားစာခံ အစ္စရေး နိုင်ငံသားအနီး ပတ်ပြီး လမ်းလျှောက်ပြီးတဲ့အခါ ၎င်း၏နဖူးအား ပစ်စတို သေနတ်ဖြင့် ချိန်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အစ္စရေး ဓားစာခံ မူဆာလမ်ရဲ့ ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ သူဟာ IS စစ်သွေးကြွ အဖွဲ့နဲ့ ပူးပေါင်းဖို့အတွက် ယခင်လုပ်ကိုင်နေတဲ့ မီးသတ်ဌာန အလုပ်ကိုတောင် စွန့်လွှတ်ခဲ့တယ်လို့ သိရှိရပါတယ်။
မူဆာလမ်ဟာ သူ့ကိုယ်ကို အစ္စရေးသူလျှို အဖွဲ့မှ စေလွှတ်ထားတယ်လို့ မခံယူဘဲ အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက အိမ်မှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းးဟာ အစ္စရေးမှ တူရကီသို့ စတင်သွားရောက်ပြီး ယင်းမှတဆင့် ဆီးရီးယားသို့ နယ်စပ်ဖြတ်ကျော်ကာ IS အဖွဲ့နှင့် ပူးပေါင်းခဲ့ကြောင်း အစ္စရေးလုံခြုံရေး ဌာန ရှင်းဘတ်က အတည်ပြုပြောဆိုပါတယ်။
IS စစ်သွေးကြွ အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ် ဖိုးလေးအား ခေါင်းဖြတ် ကွက်မျက် ခြင်း၊ ဂျော်ဒန်လေယာဉ်မှူးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အီဂျစ် ခရစ်ယာန် ဘာသာဝင်ပေါင်း ၂၁ ဦးတို့အား ခေါင်းဖြတ်ခြင်း စသည်တို့အပါအ၀င် ယခုလည်း အစ္စရေး နိုင်ငံသားအား သေနတ်ဖြင့် ချိန်ပြီး ပစ်သတ်ခဲ့ခြင်း စတဲ့ ဗွီဒီယိုများကို ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း Presstv.ir သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
 

No comments:

Post a Comment