Blogger Tips and TricksLatest Tips And TricksBlogger Tricks
Loading...

Thursday, March 12, 2015

ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှုအားပေး


နေပြည်တော်   မတ်  ၁၂
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ယနေ့နံနက် ()နာရီတွင် ဒက္ခိဏသီရိမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီး၌ သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးထားသော တဆက်တစပ်တည်း ကြံသီးနှံ ()ဧက စိုက်ကွင်းသို့ရောက်ရှိပြီး တောင်သူလယ်သမားများအား မျိုးသန့် မျိုးပွား ဖြန့်ဖြူးပေးရန်နှင် နည်းပညာပေးရန် စံပြစိုက်ကွင်း ထူထောင်ပြသထားရှိမှုကို  စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေနှင့် တာဝန်ရှိသူများက ရှင်းလင်း
တင်ပြကြသည်။       ထိုမှတဆင့် ဒက္ခိဏသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၈)တွင် ကျင်းပပြုလုပ် လျှက်ရှိ သည့် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ် အား အေးချမ်းစွာ ဖြေဆိုနေကြသော စာစစ်ခန်းမ တစ်ခုချင်းအလိုက် ကြည့်ရှုအားပေးပြီး တာဝန်ကျ ဆရာ၊  ဆရာမများက ဂရုတစိုက် ကြီးကြပ် ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေးသည်။
အဆိုပါ ..က(၁၈)ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၃၅၅)ဦး ရှိပြီး ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြပြီး ယနေ့တွင် လည်း ကျောင်းသား၊ကျောင်းသူ (၃၅၅)ဦးတို့မှ အင်္ဂလိပ်စာ ဘာသာရပ်ကို စိတ်ပါဝင်စား စွာဖြင့် ဖြေဆိုနေကြကြောင်း သိရသည်။
ထိုမှတဆင့် မြန်မာနယူးဧရာကုမ္ပဏီ၏ တဆက်တစပ်တည်း ဧက(၁၀၀) ပုလဲသွယ်စပ်မျိုးစပါး F-1 မျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ယခုနှစ် နေပြည်တော်ကောင်စီနယ်မြေအတွင်း စုစုပေါင်း(၅၅၉)ဧကအား စပ်မျိုးစပါး မျိုးစေ့ထုတ် ဆောင်ရွက်နေမှု၊ အဖိုလိုင်း၊ အမလိုင်းများ စုံညီစွာ စိုက်ပျိုးပြီးစီးမှုနှင့် ဧပြီလ ဒုတိယပတ်တွင် ဝတ်မှုံကူးဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ပြည်ထောင်စုဝန်ကြီးမှ အခြေခံတောင်သူလယ်သမားများအတွက် မရှိမဖြစ်လိုအပ် သော၊ ဒေသရေမြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များကို အချိန်မီထုတ်လုပ် ပြီး အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ထိထိရောက်ရာက်၊ ကျယ် ကျယ်ပြန့်ပြန့် အသုံးချရန် တိုးချဲ့ပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရန် ဆောင်ရွက်နေသော ငရုတ်ပျိုးပင်များ ဖြစ်ထွန်းအောင်မြင်နေမှုများနှင့်ပေါင်စနစ်ဖြင့် စနစ်တကျရွှေ့ပြောင်း စိုက်ပျိုးနေမှုများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။  

No comments:

Post a Comment