တပ်ကုန်း မတ် ၁၂
နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ်ကံသ (တပ်ပေါက်)ကျေးရွာပြည် သူများသည် မိရိုးဖလာလယ်ယာလုပ်ငန်းများ လုပ်ကိုင် သည့်အပြင် မန်ကျည်းသီးမှည့်ပေါ် ချိန်တွင် မန်ကျည်းလုပ်ငန်းများကို တစ်ရွာလုံးနီးပါးလုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။
''မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေ မှာ စိုက်ပျိုးလို့ပဲဖြစ်ဖြစ်၊ အလေ့ကျ ပေါက်လို့ပဲဖြစ်ဖြစ်၊ ရှင်သန်ပေါက် ရောက်နေတဲ့မန်ကျည်းပင်တွေကို ကံသာ (တပ်ပေါက်) ကျေးရွာက ငွေအရင်းအနှီး စိုက်နိုင်သူတွေက ဝါဆို၊ ဝါခေါင်လတွေမှာ မန်ကျည်းသီးနု သီးနှုန်းပေါ်မူတည်ပြီး တစ်နှစ်တစ်ခါ မန်ကျည်းပင်တစ်ပင်ကို ငွေကျပ် ၂ဝဝဝဝ၊ ၃ဝဝဝဝ၊ ၄ဝဝဝဝ ဖြင့်ကြိုတင်လိုက်လံ ဝယ်ယူထားရပါ တယ်၊ တပို့တွဲလပြည့်ကျော်၊ တပေါင်း လတွေမှာ မန်ကျည်းသီးမှည့်တွေကိုပုတ်ယူရပါတယ်၊ မန်ကျည်းပုတ် လုပ်သား အနည်းငယ်ရှားပါတော့ အမျိုးသမီးတွေလည်း မန်ကျည်းပင် တက်ပုတ်ရပါတယ်၊မန်ကျည်းသီး ပုတ်နေ့စားခ ငွေကျပ် ၅ဝဝဝ၊ ကောက်ခ ငွေကျပ် ၂ဝဝဝ၊ အခွံသင် အကြောဆွဲခ တစ်ပိဿာ ငွေကျပ် ၅ဝပေးရပါတယ်၊ ဒီနှစ်မှာ ကျွန်မ တို့က ငွေကျပ် လေးသိန်းဖိုး မန်ကျည်း ပင် ၁ဝ ပင်လောက် ဝယ်ယူထားပါ တယ်၊မန်ကျည်းပင် ၁ဝ ပင်မှာ မန်ကျည်းသီးကုန်ချိန် ပိဿာ ၁၇ဝဝ ရရှိပါတယ်၊ မန်ကျည်းသီးအကြောဆွဲ တစ်ပိဿာ ငွေကျပ် ၄၅ဝ နဲ့ရောင်းချရတော့ အမြတ်ငွေ သုံးသိန်း ခြောက်သောင်းကျော် ရရှိပါတယ်''ဟု မန်ကျည်းလုပ်ငန်းလုပ်ကိုင်သူ မမိုးမိုး၏ပြောပြချက်အရသိရသည်။
ယင်း ကျေးရွာပြည်သူများ မန်ကျည်းသီးပုတ်၊ မန်ကျည်းသီး ကောက်၊ မန်ကျည်းသီးအခွံသင်၊ အကြောဆွဲလုပ်ငန်းများ ပြီးစီးသည့်နောက် အစောပေါ်သော မန်ကျည်းပင်များမှ မန်ကျည်းရွက်များ ကို ခူးရောင်းသည့်လုပ်ငန်းများဆက်လက်လုပ်ကိုင်ကြကြောင်း၊ မန် ကျည်းရွက်တစ်နေ့လျှင် သုံးပိဿာ၊ လေးပိဿာရရှိပြီး တစ်ပိဿာ ငွေကျပ်၂၅ဝဝဖြင့်ရောင်းချကြောင်း၎င်းအမျိုးသမီးက ဆက်လက်ပြောပြ သည်။
No comments:
Post a Comment