Blogger Tips and TricksLatest Tips And TricksBlogger Tricks
Loading...

Monday, March 23, 2015

ချိုး(ချင်း)ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ်ဖလား အားကစားပြိုင်ပွဲ ကျင်းပ







မင်းတပ်၊ မတ်လ ၂၂
ဧပြီလ (၁)ရက်နေ့တွင် ကျရောက်မည့် ချိုး(ချင်း)ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ်ဖလား အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ အထက(၂) ကျောင်း ဘောလုံကွင်း၌ (၁၃း၀၀)နာရီတွင် စတင်ကျင်းပပြု လုပ်သည်။

အဆိုပါပြိုင်ပွဲတွင် မင်းတပ်မြို့နယ်ရှိ တိုက်နယ်ပေါင်း (၁၁)ခုမှ ပါဝင်ယှဉ်ပြိုင် ကြပြီး မတ်လ(၂၂)ရက်နေ့မှ စတင်၍ ဧပြီလ(၁)ရက်နေ့အထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ တိုက်နယ်ပေါင်း(၁၁)ခုအနက် ကန်ပက်လက်မြို့ မှ ဧည့်သည် အသင်းအဖြစ် နှစ်သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
ယနေ့တွင် ဖွင့်ပွဲပွဲစဉ်အဖြင့် တိုက်နယ် အမှတ်(၁၁)နှင့် တိုက်နယ်အမှတ်(၃)တို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ဌာနဆိုင်ရာ အကြီးအကဲ၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် အားကစားသမားများ တက်ရောက် ဂုဏ်ပြုပေးကြသည်။
ယင်းပြိုင်ပွဲကို K'CHO ETHNIC ASSOCIATION (CEA) ချင်းလူမျိုးစု အသင်းမှ အဓိကဦးဆောင်၍ ကျင်းပပြု လုပ်ခြင်းဖြစ် ပါသည်။
ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာမြှားပစ်ပြိုင်ပွဲနှင့် ချင်းရိုးရာ ကြက်ခုပ်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment