Blogger Tips and TricksLatest Tips And TricksBlogger Tricks
Loading...

Monday, March 23, 2015

ချိုး(ချင်း)ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ်ဖလား အားကစားပြိုင်ပွဲ ကျင်းပ







မင်းတပ်၊ မတ်လ ၂၂
ဧပြီလ (၁)ရက်နေ့တွင် ကျရောက်မည့် ချိုး(ချင်း)ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖိတ်ခေါ်ဖလား အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ အထက(၂) ကျောင်း ဘောလုံကွင်း၌ (၁၃း၀၀)နာရီတွင် စတင်ကျင်းပပြု လုပ်သည်။

Thursday, March 12, 2015

မန်ကျည်းသီးမှည့်ပေါ်ချိန်တွင် မန်ကျည်းသီးပုတ်လုပ်သားရှားပါးသော်လည်း မန်ကျည်းလုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေ


 တပ်ကုန်း မတ် ၁၂
နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ်ကံသ (တပ်ပေါက်)ကျေးရွာပြည် သူများသည် မိရိုးဖလာလယ်ယာလုပ်ငန်းများ လုပ်ကိုင် သည့်အပြင် မန်ကျည်းသီးမှည့်ပေါ် ချိန်တွင် မန်ကျည်းလုပ်ငန်းများကို တစ်ရွာလုံးနီးပါးလုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှုအားပေး


နေပြည်တော်   မတ်  ၁၂
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ယနေ့နံနက် ()နာရီတွင် ဒက္ခိဏသီရိမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီး၌ သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးထားသော တဆက်တစပ်တည်း ကြံသီးနှံ ()ဧက စိုက်ကွင်းသို့ရောက်ရှိပြီး တောင်သူလယ်သမားများအား မျိုးသန့် မျိုးပွား ဖြန့်ဖြူးပေးရန်နှင် နည်းပညာပေးရန် စံပြစိုက်ကွင်း ထူထောင်ပြသထားရှိမှုကို  စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေနှင့် တာဝန်ရှိသူများက ရှင်းလင်း

Wednesday, March 11, 2015

အစ္စရေး သူလျှိုအား IS စစ်သွေးကြွ ကလေးငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်





IS တက်ဖီရီ အကြမ်းဖက် အဖွဲ့မှ ထပ်မံထုတ်လွှင့်လိုက်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ စစ်သွေးကြွ ကလေးငယ် တစ်ဦးဟာ အစ္စရေး သူလျှို အေဂျင်စီ မော့ဆက်မှ သူလျှိုတစ်ဦး ဖြစ်တဲ့ အစ္စရေး နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ချိန်ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ၁၃ မိနစ်ကြာ ဗွီဒီယိုကို ယမနေ့က ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး အသတ်ခံရတဲ့ အစ္စရေး နိုင်ငံသားဟာ အသက် ၁၉ နှစ်အရွယ် မိုဟာမက် ဆက် အစ္စမေး မူဆာလမ် ဖြစ်ပါတယ်။

Tuesday, March 10, 2015

ရေချိုငါးတိုးရေး ချောင်းမြောင်းများအတွင်း ငါးမျိုးစိုက်ထည့်



ဖြူး မတ် ၁၀
ငါးသယံဇာတ မပြုန်းတီးရေးနှင့် ရေချိုငါး သယံဇာတများ တိုးပွားများပြား လာရေးတို့အတွက် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက် အရ တောင်ငူခရိုင် အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များရှိ လယ်ကြား ငါးကန်၊ ချောင်းမြောင်း များအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို မတ်လ (၇) ရက်နေ့ ပြုလုပ်ခဲ့သည်။