Blogger Tips and TricksLatest Tips And TricksBlogger Tricks
Loading...

Tuesday, March 10, 2015

ရေချိုငါးတိုးရေး ချောင်းမြောင်းများအတွင်း ငါးမျိုးစိုက်ထည့်



ဖြူး မတ် ၁၀
ငါးသယံဇာတ မပြုန်းတီးရေးနှင့် ရေချိုငါး သယံဇာတများ တိုးပွားများပြား လာရေးတို့အတွက် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက် အရ တောင်ငူခရိုင် အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များရှိ လယ်ကြား ငါးကန်၊ ချောင်းမြောင်း များအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို မတ်လ (၇) ရက်နေ့ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစိုင်းကျော်မြင့်၊ တောင်ငူခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသက်အေးနှင့် ဝန်ထမ်း များ၊ ခရိုင် စာရင်းစစ် အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနမှူးနှင့် ဝန်ထမ်းများ၊ ဖြူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်း များက ကျေးရွာ ငါးမွေးမြူသူများနှင့် အင်းလုပ်ငန်းရှင်များထံ ငါးမျိုး များ ထောက်ပံ့ ပေးအပ် ပြီး လယ်ကြား ငါးကန်များနှင့် ကျောင်းမြောင်းများ အတွင်းသို့ ငါးခူကောင်ရေ (၂၅၀ဝ)၊ ငါးပနော် (၅၀ဝ၀ဝ) တို့ကို စိုက်ထည့် ပေး ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment